ပြင်ပမှယဉ်မောင်း
Carsayars၏အဓိက၀န်ဆောင်မှုမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် ကော်ပိုရိတ်အဖွဲ့အစည်းများအနေဖြင့် လိုအပ်နေတဲ့ပြင်ပယာဉ်မောင်းများ ခေါ်ယူမှုအတွက်ဝန်ဆောင်မှုပေးသောလုပ်ငန်းဖြစ်သည်။ လူကြီးမင်းများဆီသို့ ကျွန်ုပ်တို့၏ယာဉ်မောင်းဝန်ထမ်းများ မစေလွှတ်မီစမ်းသပ်ခြင်း၊ လေ့ကျင့်ခြင်းနှင့် ပြင်ဆင်ခြင်းများကိုပြုလုပ်ပါသည်။ကျွန်ုပ်တို့သည် လူကြီးမင်းလိုအပ်သမျှကာလပတ်လုံး (၃ လမှ ၃ နှစ်အထိ) ကားမောင်းသူအမြောက်အများတို့ဖြင့် လူကြီးမင်းအားအထောက်အပံ့ ပြုလုပ်နိုင်ပါသည်။ထို့ကြောင့် လူကြီးမင်းတို့အနေဖြင့် ကျွမ်းကျင်စွာမောင်းနှင်နိုင်သော ပြင်ပယာဉ်မောင်းအရင်းအမြစ်ကုမ္ပဏီတစ်ခုလိုအပ်နေပါက Carsayars ၀၉-၉၅၂ ၂၂၂ ၀၀၁ သို့ခေါ်ဆိုလိုက်ပါ (သို့မဟုတ်) [email protected] သို့အီးမေးလ်ပို့ပါ။
ပုဂ္ဂိုလ်ရေးယာဉ်မောင်း
အကယ်၍ လူကြီးမင်းတို့၏ မိသားစု/သူငယ်ချင်းများနှင့် ခရီးသွားစရာရှိသည့်အခါမျိုး၊ စိတ်ဖိစီးမှုများကြောင့် ကားမောင်းရန် အဆင်မပြေသည့်အခါမျိုးတွင် ဘာကိုမှမစဉ်းစားပဲ ကျွန်ုပ်တို့ထံသို့ ဆက်သွယ်လိုက်ပါ။Carsayars သည် သင်၏လိုအပ်ချက်အားလုံးနှင့်ကိုက်ညီရန်အတွက် ပုဂ္ဂိုလ်ရေးယာဉ်မောင်းများကို နာရီနှင့်အမျှထောက်ပံ့ပေးနေပါသည်။ သင်၏ကိုယ်ရေးကိုယ်တာ (သို့မဟုတ်) စီးပွားရေးအတွက်အသုံးပြုရန်အတွက် တစ်ရက်၊ တစ်ပတ်သို့မဟုတ်တစ်လအတွက်ယာဉ်မောင်းတစ်ဦး လိုအပ်ပါက Carsayars သည် သင့်အား အတွေ့အကြုံရှိပြီး ကျွမ်းကျင်သည့် ကားမောင်းသမားကို စေလွှတ်ပေးနိုင်ပါသည်။လူကြီးမင်းတို့သည် အချိန်အခါ၊ နေရာမရွေးမရွေး ယာဉ်မောင်းတစ်ဦးလိုအပ်လာပါက ချက်ချင်းဖြည့်ဆည်းပေးရန် Carsayars မှ စီစဉ်ပေးသွားပါမည်။
Event Drivers
မည်သည့်အခြေအနေမျိုးတွင် ဖြစ်စေ Carsayars သည် စီစဉ်ထားသည့် ဖြစ်ရပ်များကို ပြုလုပ်ဖို့သေချာစေရန် ကူညီနိုင်ဖို့အတွက် အမြဲအဆင်သင့်ရှိပါသည်။အကယ်၍ သင်ဟာ Event Company တစ်ခုကဆိုရင် ပရော်ဖက်ရှင်နယ်ကျကျ အတွေ့အကြုံရှိသည့် Event Drivers များလိုအပ်ပါက Carsayars သည် ကားမောင်းသူအားသင်လိုအပ်သောအချိန်ကို အချိန်မရွေးပေးပို့ ပေးနိုင်သည်။အလားတူစွာသင့်တွင်မင်္ဂလာဆောင်ပွဲတစ်ခု (သို့မဟုတ်) ဖျော်ဖြေပွဲတစ်ခုရှိပါက Carsayars သည်သင်နှင့်သင်၏ ဧည့်သည်များအား ပုဂ္ဂလိကကားမောင်းသမားများနှင့်သင့်ပွဲကိုစိတ်ပူစရာမလိုအောင်ပြုလုပ်နိုင်ပါသည်။
Coporate Drivers
လူကြီးမင်း အနေဖြင့် တက်ရောက်ရန်အရေးကြီးသောအစည်းအဝေးကျင်းပသောအခါ ယာဉ်ရပ်နားရန်နေရာရှာခြင်းသည် မြန်မာနိုင်ငံမှာ ရှိတဲ့ ယာဉ်မောင်းတော်တော်များများ ရင်ဆိုင်ရသောအခက်အခဲများစွာထဲမှ တစ်ခုဖြစ်ပါတယ်။အဆိုးဆုံးအချိန်ကတော့ မိုးရွာနေတဲ့ အခါမျိုးမှာဖြစ်တယ်။ အဲ့လိုအချိန်မျိုးမှာ Carsayars က သင်၏လိုအပ်ချက်များကို ဂရုစိုက်ပေးပါလိမ့်မယ်။ သင် ရပ်နားထားသင့် ယာဉ်ရပ်နားစခန်းမှ ကားကို ယူဆောင်ကာ သင်ရှေ့မှောက်သို့ လာရောက်ခေါ်ဆောင်ပေးမှာပါ။Carsayars သည်သင်၏ကော်ပိုရိတ်အသုံးပြုမှုနှင့်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သည့် ၀န်ဆောင်မှုများစွာ ရှိပါသည်။ လူကြီးမင်း အနေဖြင့် ရေတို (သို့မဟုတ်) ရေရှည်အတွက်ယာဉ်မောင်းတစ်ဦး လိုအပ်ပါက Carsayars ကိုသာ ဆက်သွယ်လိုက်ပါ။